Wednesday, August 8, 2018

Redmi Note 4 Charging Error

Redmi Note 4 (MTK) Charging Error ​ရေဝင်​ မှန်​လဲထားခဲ့ဖူးတဲ့စက်​။ Charging ပုံပြ​ပေမယ့်​ . . . . . . . တစ်​လ ကိုးသီတင်း ကြိုက်​သ​လောက်​သွင်း၊ မဝင်​။ တစ်​​နေကုန်​ထိုင်​ပြီး တစ်​စိမ့်​စိမ့်​သွင်း၊ မဝင်​။ Battery မပါဘဲ Charging ကြိုးတပ်​ထားရင်​ VBatt မှာ Voltage က ​တောင်​​ပြေး​မြောက်​​ပြေး ရွာ​ဆော်​ကြီးရဲ့ ​ခွေးလိုပဲ။ ​ရေစား ဒဏ်​ရာကလည်း အများသား။ Volt ​တွေလည်းအကုန်​​ရောက်​၊ အကုန်​မှန်​။ ​ BQ လဲတယ်​၊ မရ။ Fuel Guage (CW2015) လဲတယ်​၊ မရ။ သုံးရက်​​လောက်​ အုံးစား စိတ်​​တွေရှုပ်​။ Solution ​တွေရှာ/စစ်​​တော့ Error မ​တွေ့။ I2C volt ​တွေလည်း မှန်​၊ မ​ပျောက်​။ စိတ်​ရှည်​လက်​ရှည်​ အာရုံစိုက်​လုပ်​လိုက်​​တော့ ဒုက္ခ​ပေးတဲ့ဆရာသမား ဘွားခနဲ​ပေါ်လာ။ Fuel Guage IC ရဲ့ Battery Voltage Monior pin ဖြစ်​တဲ့ Pin No.2 (VCELL) ရဲ့ အဝင်​မှာခံထားတဲ့ R622 (1K) ​မ​အေ​ဘေး​လေးက အလုပ်​မလုပ်​​တော့ဘူး။ အနားက Components ​တွေအကုန်​ ခဲပြန်​​ဖော်​၊ ​စော​စောက R622 ကိုအသစ်​လဲတပ်​​ပေးလိုက်​​တော့ ဝင်​လိုက်​တဲ့ အား ဆိုတာများ အုန်းခနဲ အုန်းခနဲပဲ 😁။ အခုထိ​ပြန်​မလာပုံ​ထောက်​​တော့ စက်​ကအဆင်​​ပြေလို့​နေမှာပါ​လေ 😂။ ငလုမ ​ရှောင့်​မှီ

https://m.facebook.com/story.php?story_fbid=2071278126239279&id=100000713357442

No comments:

Post a Comment

MYTEL SOCIAL PACKAGE + PSIPHON