Friday, October 4, 2019

MYTEL SOCIAL PACKAGE + PSIPHON

တယ်လီနောရဲ့ Free Internet ကြီး တစ်ကျော့ပြန်ပိတ်သွားပြီးတဲ့နောက်မှာတော့ မူလလက်ဟောင်း နည်းလမ်းများထဲက တစ်ခုဖြစ်တဲ့ Mytel sim ကဒ်သုံးသူများအတွက် အင်တာနက်ဖရီး နီးပါးသုံးဖို့ မသိသေးသူများကို ဦတည်ပြီး ရေးပေးလိုက်ပါတယ်။

အခုပြောမယ့်နည်းက ဖရီးစစ်စစ်ကြီးတော့မဟုတ်ပါဘူး။ Facebook Package တစ်ခုဝယ်ပြီးမှ သုံးလို့အဆင်ပြေပါမယ်။ ဒါပေမယ့်ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းတယ်ပဲပြောရမှာပေါ့။
ဒီ Trick/Bug ကို တချို့က Mytel SL2 လို့ခေါ်ကြတယ်၊ တချို့က Mytel 7 Hours လို့ခေါ်ကြတယ်။ ဘယ်လိုပဲခေါ်ခေါ်ပေါ့၊ ပထမဆုံးစပြီးတွေ့ခဲ့တဲ့ ဆရာသမားကို ခရက်ဒစ်ပေးပါတယ်။
ဒီနည်းလမ်းအတွက်လိုအပ်တဲ့အချက်တွေကတော့

  1.  Mytel Sim ကဒ် (ဖုန်းဘေအနည်းငယ်ရှိနေရပါမယ်)
  2. Psiphon pro ( Download from Google Play Store  or Download from Google Drive )


‌ပြုလုပ်နည်း အဆင့် တစ်

ဒေါင်းပြီးပြီဆိုရင် Mytel ကဒ်နဲ့ နှစ်ရာတန် 24 hour social package ဝယ်ရပါမယ်။ ဝယ်ဖို့အတွက်
  966 ကို SL2 လို့ မက်ဆေ့ပို့လိုက်ပါ။

အဆင့် တစ် နောက်တစ်နည်း
  • *966# ကိုခေါ်ပါ။
  • 4 ရိုက်ထည့်ပြီး Send ကိုနှိပ်ပါ။
  • 1 ရိုက်ထည့်ပြီး Send ကိုနှိပ်ပါ။
  • နောက်တစ်ခါ 1 ရိုက်ထည့်ပြီး Send ကိုနှိပ်ပါ။
  • Subscribed to SL2 pack successfully! ဆိုတဲ့ မက်ဆေ့ပြန်ဝင်လာရင် မက်ဆေ့ဝင်တဲ့အချိန်ကို မှတ်ထားလိုက်ပါ။ အဲဒီအချိန်က အရေးကြီးပါတယ်။

မက်ဆေ့ဝင်ပြီး ၁၇ နာရီကြာပြီးတဲ့အချိန်မှာ Psiphon VPN နဲ့ စပြီးသုံးလို့ရပါပြီ။

ဥပမာ မက်ဆေ့ဝင်တာ (Package ဝယ်တဲ့အချိန်)က ည၈ နာရီ ဖြစ်ခဲ့မယ်ဆိုရင် နောက်တစ်နေ့ နေ့လည် ၁ နာရီမှာ စပြီးချိတ်လို့ရပါပြီ။ အဲဒီ ၁ နာရီကစလို့ ည ၈ နာရီအထိသုံးလို့ရပါတယ်။ ည၈ နာရီရောက်ရင်တော့ ၂၄ နာရီသက်တမ်းပြည့်သွားပြီဖြစ်တဲ့အတွက် နောက်ထပ် Package တစ်ခုထပ်ဝယ်ပြီး နောက်ထပ် ၁၇ နာရီ ထပ်စောင့်ရမှာပါ။ ဒီလောက်ဆို သဘောပေါက်မယ်ထင်ပါတယ်။

အရေးအကြီးဆုံးအချက်တွေက

  1. စောင့်နေရတဲ့ ၁၇ နာရီအတွင်း ရထားတဲ့ 190MB ကို ကုန်အောင်မသုံးမိပါစေနဲ့။ အဲဒီ 190MB ကို Facebook, Messenger နဲ့ Viber အတွက်ပဲသုံးလို့ရပါမယ်။ ၁၇ နာရီပြည့်ပြီး Psiphon နဲ့ချိတ်ပြီးမှသာ ကျန်တာတွေရော အကုန်သုံးလို့ရမှာပါ။ ချိတ်ပြီးသွားရင်တော့ Psiphonလိုင်းကောင်းရင် ကောင်းသလောက် မိုက်လို့ရပါတယ်။ Data မကုန်ပါဘူး။
  2. Mytel ရဲ့ Data Barrier ကိုဖွင့်ထားပါ။ ပက်ကေ့ဝယ်ထားပြီး လက်ကျန်ငွေရှိနေရင် ဘယ်လိုလုပ်မလဲ။ လက်ကျန်ငွေထဲကဖြတ်မသွားအောင် ဘယ်လိုလုပ်မလဲ။ Data Barrier ကို ဖွင့်ပေးထားလိုက်ပါ။ သူ့ကိုဖွင့်ဖို့အတွက်
  • 966 ကို BDATA လို့စာရိုက်ပြီး sms ပို့ပါ။
သို့မဟုတ်
  • *966# ကိုခေါ်ပါ။
  • 9 ရိုက်ပြီး Send နှိပ်ပါ။
  • 2 ရိုက်ပြီး Send နှိပ်ပါ။
  • 1 ရိုက်ပြီး Send နှိပ်ပါ။
  • ဒီလိုမက်ဆေ့လေးဝင်လာရင် ရပါပြီ။ ⇩
BARRIER: ON. Your main balance will not be used for Data Pay As You Go. Switch on and off Airplane to take effect. Send "OFF BDATA" to 966 to turn off this feature.
၁၇ နာရီ ပြည့်ပြီးတာနဲ့ Psiphon pro မှာ Start နှိပ်ပြီး ခဏစောင့်ပေးလိုက်ပါ။ Tunnel whole device ဆိုတာတောင်းရင်ပေးလိုက်ပါ။ ချိတ်သွားပါလိမ့်မယ်။ လိုင်းကတော့ သိပ်ကြီး မမြန်ရှာဘူးဗျ။
အဆင်ပြေကြပါစေ။

5 comments:

MYTEL SOCIAL PACKAGE + PSIPHON